ABOUT

ကမ္ဘာပေါ်တွင်ဖြစ်ပွားသည့် သဘာဝဘေးအန္တရာယ် ၄၀ ရာခိုင်နှုန်းကျော်မှာ အာရှပစိဖိတ် ဒေသတွင် ဖြစ်ပွားသည့်အတွက် ၎င်းသည် ကမ္ဘာပေါ်တွင် သဘာဝဘေးဒဏ် အသင့်ဆုံး နေရာဖြစ်ပါသည်။ ၂၀၀၅ ခုနှစ်မှ စ၍ အသက်ပေါင်း ၅၀၀,၀၀၀ ခန့်ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၁.၄ ဘီလီယံတို့ ဘေးဒဏ်သင့်ခဲ့ပါသည်။ လာမည့် ဆယ်စုနှစ်များအတွင်း နှစ်စဉ်နှစ်တိုင်း ကလေးငယ်များ၏ အသက်သန်းပေါင်း ၂၀၀ သည် သဘာဝဘေးအန္တရာယ်များကြောင့် ဆိုးရွားစွာ ပျက်စီး ဆုံးရှုံးနိုင်သည်ဟု ခန့်မှန်းထားသည်။

SAFE STEPS သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဆင့်များ သည် ပြည်သူလူထုများ ပိုမိုဘေးကင်းပြီး သဘာဝဘေးဒဏ်အား အံတုနိုင်စွမ်းရှိစေရန် ကြိုတင်ပြင်ဆင်ရမည့် နည်းလမ်းများအကြောင်းနှင့် ပတ်သက်ပြီး နားလည်ရလွယ်သော ပညာပေး အကြောင်းအရာများကို လူအများထံ တတ်နိုင်သမျှ အစွမ်းကုန် ဖြန့်ဝေရန် ရည်ရွယ်ပါသည်။

ဗီဒီယိုများ

အရေးပေါ် လမ်းညွှန်ချက်

အရေးပေါ် လမ်းညွှန်ချက်

အရေးပေါ် လမ်းညွှန်ချက်

၎င်းကို ကိုယ်နှင့်မကွာယူဆောင်ပြီး ဝေးရာသို့သွားပါ

• အခြေခံလိုအပ်သည့်အရာများ- ရေ၊ အစားအစာ၊ ကြက်ခြေနီဆေးအိတ်နှင့် ဆပ်ပြာ
• အဝတ်အစား
• ဓါတ်မီး၊ ရေဒီယိုနှင့် မိုဘိုင်းဖုန်း။
• အရေးကြီးသည့် စာရွက်စာတမ်းများ
• ပိုက်ဆံ

တိုင်ဖုန်းမုန်တိုင်း

တိုင်ဖုန်းမုန်တိုင်း

တိုင်ဖုန်းမုန်တိုင်း

မုန်တိုင်းမတိုက်မီနှင့် တိုတ်ခတ်ပြီးနောက် စိတ်ငြိမ်ငြိမ်ထားပါ

• ဘေးလွတ်ရာသို့ ရွှေ့  ပြောင်းပါ
• အန္တရာယ် ဖြစ်နိုင်သော ပစ္စည်းများကို ရှင်းလင်းထားပါ
• ခိုလှုံရန်နေရာသို့ သွားပါ

မြေငလျင်

မြေငလျင်

မြေငလျင်

ဤ တိကျသော ထို အကြံပြုချက်ကိုလိုက်နာပါ

• ပစ္စည်းများကို မြဲမြံအောင်ချည်ထားပါ
• လှဲချပါ၊ အကာအကွယ်ယူပြီး မြဲမြဲကိုင်ထားပါ
• ဓါတ်လှေကား မသုံးပါနှင့်

မီး

မီး

မီး

မီးလောင်နေသည့် အခိုက်အတန့်မှာ စိတ်အေးအေးထားပါ

• မီးငြှိမ်းသတ်ပါ
• ရပ်ပါ၊ လှဲချပါ၊ လှိမ့်ပါ
• မီးခိုးများ ထွက်လာလျှင်- အောက်ကို ဆင်းပါ / အောက်သို့ ဝပ်ပါ
• အပြင်ထွက်ပါ- အချက်ပေးခေါင်းလောင်း တီးပါ / သတိပေးပါ

ရေကြီးခြင်း

ရေကြီးခြင်း

ရေကြီးခြင်း

သင့်အတွက် ခြေထောက်ဖြင့် ထောက်၍ မမီသော ရေအနက်သို့ မသွားပါနှင့်

• လျှပ်စစ်မီးများ ရေစက်များ ဂတ်စ်သုံးစွဲမှုများ စသည်တို့ကို ပိတ်ပါ
• ဘေးလွတ်ရာသို့ ရွှေ့  ပြောင်းပါ
• အမြင့်သို့ ရွှေ့ပါ
• ရေစီးကို ရှောင်ပါ

ဘေးကင်းရေး လမ်းညွှန်ကတ်များ

ပညာပေး သရုပ်ပြ ပိုစတာများ

ဒေါင်းလုတ်

အင်္ဂလိပ်

ဘာဟာမာ အင်ဒိုနီးရှား

ဘာဟာမာ မလေးရှား

မြန်မာ

တရုတ် (ဟောင်ကောင်)

တရုတ် (ထိုင်ဝမ်)

ဖိလစ်ပိုင်

ထိုင်း

ဗီယက်နမ်

သဘာဝဘေးအန္တရာယ် အထူးကိုယ်စားလှယ်

MANNY PACQUIAO

၂၀၁၃ နိုဝင်ဘာလတွင် တိုင်ဖုန်းမုန်တိုင်း ရိုလန်ဒါ (ဟိုင်ရန် ) ဖြစ်ပွားပြီးနောက် ၊ Hon. Emmanuel ‘မန်နီ’ ပတ်ကွီယိုသည် SAFE STEPS (ဘေးကင်းလုံခြုံရေး လုပ်ဆောင်ချက် များ) ဆိုင်ရာ ကိုယ်စားလှယ် အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် မည်ကဲ့သို့ လုပ်ကိုင်ဆောင်ရွက်သင့်သည်များကို မျှဝေ အကြံပေးခဲ့သည်။ သူသည် သဘာဝဘေးအန္တရာယ်၏ သက်ရောက်မှုကို ကိုယ်တွေ့နားလည်သူ ဖြစ်ပြီး အသက်ဘေးမှလွတ်မြောက်သူတစ်ဦးသာလျှင်မက သူသည် လူသားချင်းစာနာထောက်ထားမှု ကိုလည်း နားလည်သူဖြစ်သည်။

မန်နီပတ်ကွီယိုသည် နိုင်ငံတကာသိ ဖိလစ်ပိုင်လက်ဝှေ့သမားတစ်ယောက် ဖြစ်သည်။ ပထမဦးဆုံးနှင့် ဒေသရှစ်ခု၏ ကမ္ဘာ့ချန်ပီယံဖြစ်ပြီး အဖွဲ့အစည်းအများအပြား၏ ဆယ်စုနှစ်အကောင်းဆုံး လက်ဝှေ့သမားအဖြစ် အကြိမ်ပေါင်းများစွာ ချီးမြှောက်ခြင်းခံရသည်။ ဖိလစ်ပိုင်နိုင်ငံ၏ ၁၆ ကြိမ်မြောက် ပြည်သူ့လွှတ်တော်အတွင်း ဆန်ရမ်ဂါနီ၏ လုံး ခရိုင်၏ ကိုယ်စားလှယ်အဖြစ် ပတ်ကွီယိုသည် ဆင်းရဲနွမ်းပါးသူ အခွင့်အရေးနည်းသူအဖွဲ့အစည်းများနှင့် တစ်ဦးချင်းများအတွက် ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ထောက်ပံ့မှုပေးသည့် ပတ်ကွီယိုအဖွဲ့အစည်းအား ထူထောင် သူဖြစ်သည်။ လူသားချင်းစာနာမှုဆိုင်ရာတည်ရာ၏ အထူးကိုယ်စားလှယ်အနေဖြင့်လည်း နေအိမ်များနှင့် လူ့အဖွဲ့ အစည်းများ ပြန်လည်ထူထောင်ပေးခြင်းဖြင့် ဆင်းရဲမှုပပျောက်အောင် ထောက်ပံ့ပေးသည့်အပြင် သူသည် လူကုန်ကူးမှု တိုက်ဖျက်ရေးလှုပ်ရှားမှုများအတွက် ခိုင်မာသည့်အားပေးထောက်ပံ့မှု ပြုသူတစ်ဦးဖြစ်သည်။ သူသည် ပြည်သူ့တရားမျှတမှုနှင့် လုံခြုံရေးကော်မတီ၊ လူငယ်နှင့် အားကစားကော်မတီနှင့် အကြီးတန်းဒုဥက္ကဌအဖြစ် တာဝန်ယူသည့် နိုင်ငံခြားသား အလုပ်သမားရေးရာကော်မတီတို့အပါအဝင် အောက်လွှတ်တော်အတွင်း မျိုးစုံသောကော်မတီများ၏ လက်ရှိအဖွဲ့ဝင်တစ်ဦးဖြစ်သည်။

ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်သူများ

အဓိက ပူးပေါင်းဆောင်ရွက်သူများ

ပံ့ပိုးပေးသည့် လုပ်ဖော်ကိုင်ဖက်များ

ကမ္ဘောဒီးယား

မြန်မာ

ဖိလစ်ပိုင်

ဒေသဆိုင်ရာ မိတ်ဖက်များ

နောက်ထပ်ကြည့်ရန် နှိပ်ပါစာမျက်နှာ ချုံ့ရန် နှိပ်ပါ
Back To Top

အပေါ်သို့ပြန်သွားရန်