သီးခြားပေါ်လစီ
သီးခြားပေါ်လစီ
လူပုဂ္ဂိုလ်အချက်အလက် (သီးသန့်) ပြဌာန်းစည်းမျဉ်းများ (ဟောင်ကောင်ဥပဒေ၏ အပိုဒ်ခွဲ ၄၈၆) အရ Prudence Foundation သည် သင်၏ ကိုယ်ရေးအချက်အလက် များအား ကာကွယ်ပေးသည်။ Prudence Foundation မှ ပံ့ပိုးပေးသော ၀က်ဘ်ဆိုဒ်ကို အသုံးပြု၍ သင်၏ကိုယ်ပိုင်အချက်အလက်များကို မည်သို့  စုစည်း ၍ ထုတ်ဖော်ခြင်းမှာ ဤ စည်းမျဉ်းများနှင့် သက်ဆိုင်သည်။
ဤဝက်ဘ်ဆိုဒ်အားအသုံးပြုသည့်အခါ သင့်အား အချက်အလက်စုစည်းမှုရှိနေကြောင်း အကြောင်း မကြားဘဲ Prudence Foundation အနေဖြင့် သင်၏ကိုယ်ပိုင်အချက်အလက်ကို ဖော်ထုတ်သည့် အချက်အလက်များကို စုဆောင်းမည်မဟုတ်ပါ။
အောက်ပါ “ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်စုစည်းမှု” အပိုင်းတွင် ဖော်ပြထားမှုမှလွဲ၍ Prudence Foundation မှ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို သင်၏ခွင့်ပြုချက်မရဘဲ သို့မဟုတ် ကျွန်ုပ်တို့၏ အခွင့်အရေးကို ကာကွယ်နိုင်ရန်အတွက် လိုအပ်သည့် ဥပဒေ သို့မဟုတ် ကုမ္ပဏီချင်းပူးပေါင်းချိတ်ဆက်မှုအတွင်း သို့မဟုတ် ကျွန်ုပ်တို့စီးပွားရေးလုပ်ငန်း၏ အဓိကအစိတ်အပိုင်းနှင့် သို့မဟုတ် အခြားကုမ္ပဏီများနှင့် အထူးနောက်ဆက်တွဲ အကျိုးရလဒ်များအောက်တွင် အခြားသူတစ်ဦးထံသို ဖော်ထုတ်လိမ့်မည်မဟုတ်ပါ။
Prudence Foundation သည် ကျွန်ုပ်တို့အား ဖော်ပြသည့် သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းထားမည်ဖြစ်ပါသည်။
သင့်အနေဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေး မူဝါဒ နှင့် လုပ်ဆောင်ချက်များအပေါ် မေးမြန်းစုံစမ်းရန်ရှိပါက ကျွန်ုပ်တို့ထံ အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်စုဆောင်းခြင်း
အောက်ပါတို့သည် Prudence Foundation မှ ၎င်း၏အသုံးပြုသူများထံမှ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်ကို စုစည်းသည့်ရည်ရွယ်ချက်များဖြစ်သည်-
(၁) စာရင်းဇယား နှင့် သုတေသန
(၂) ဝက်ဘ်ဆိုဒ်ပါဝင်သည့်အကြောင်းအရာ များနှင့် ပတ်သက် ၍တောင်းဆိုထားသည့် အကြောင်းအရာများအား သင့်အားဖော်ပြခြင်း
(၃) ဤဝက်ဘ်ဆိုဒ်အသုံးပြုသူများနှင့် ဆက်သွယ်ခြင်း
(၄) Prudence Foundation မှ ၎င်း၏ အဖွဲ့ဝင် သို့မဟုတ် တွဲဘက် ဘဏ္ဍာရေးအဖွဲ့အစည်းများဆိုင်ရာ ဥပဒေ သို့မဟုတ် အာဏာပိုင်များမှ ပြဌာန်းလိုအပ်ချက်များ ၊ ထုတ်ဖော်ချက်များ နှင့် ကိုက်ညီခြင်း
(၅) Prudence Foundation အတွင်း လစ်လပ်နေသော နေရာ တစ်ခု အတွက် သင့်အားဆက်သွယ်ခြင်း၊ သင်နှင့်ညှိနှိုင်းခြင်းနှင့် အလုပ် အကိုင် ကမ်းလှမ်းချက်များအတွက် လျှောက်ထားသူအဖြစ် သင်၏ကိုက်ညီမှုကို အကဲဖြတ်ခြင်း
(၆) စုစည်းသည့်အချိန်၌ အကြောင်းကြားခြင်းကဲ့သို့သော အခြားရည်ရွယ်ချက်များနှင့်
(၇) အထက်ဖော်ပြပါ နံပါတ် (၁) မှ (၆) နှင့် တိုက်ရိုက်ပတ်သက်သည့် အခြားရည်ရွယ်ချက်များ နှင့် ကိုက်ညီစေခြင်း
သင့်အား ဖော်ထုတ်နိုင်ခြင်းမရှိသည့် စုစုပေါင်းအချက်အလက်များကိုသာ ကျွန်ုပ်တို့စုစည်းနိုင်သည်။ ဤအချက်အလက်များက သင်၏လိုအပ်ချက်များကို ပိုမိုနားလည်ရန်နှင့် ကျွန်ုပ်တို့ဝက်ဘ်ဆိုဒ်များ ၏ ဝန်ဆောင်မှုများ ကို ချိတ်ဆက်နိုင်ရန်အတွက် ကျွန်ုပ်တို့အား ကူညီပေးသည်။ ထို အချက်အလက်များကို ကြောငြာခြင်းနှင့် ဈေးကွက်ချဲ့ထွင်ရေး ရည်ရွယ်ချက်များ အတွက် အခြားသူများ နှင့် ကျွန်ုပ်တို့ မျှဝေကောင်း မျှဝေနိုင်သည်။
ဤဝက်ဘ်ဆိုဒ် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်ကို Prudence Foundation မှ ဤဝက်ဘ်ဆိုဒ်မှတဆင့် စုစည်းပြီး အောက်ပါအဖွဲ့အစည်းများ (ဟောင်ကောင်နိုင်ငံအတွင်း သို့မဟုတ် ပြင်ပ) ထံသို့ အောက် ဖော်ပြပါ နံပါတ် (၁) မှ(၇) ၏ ရည်ရွယ်ချက်များအတွက် လွှဲပြောင်းခြင်းနှင့် ဖော်ထုတ်ခြင်းများ ပြုလုပ်နိုင်သည်။
(က) Prudence အဖွဲ့ အစည်း အတွင်းမှ အခြားကုမ္ပဏီများ
(ခ) Prudence Foundation ကဲ့သို့ တူညီသောကုသိုလ်ဖြစ်ရည်ရွယ်ချက်များအတွက် အတူတကွအလုပ်လုပ်သည့် တွဲဖက် လုပ်ကိုင်သူများ
(ဂ) အခြား စီမံခန့်ခွဲသူများ
(ဃ) ကျွမ်းကျင်အကြံပေးများ
(င) အချိန်နှင့်တပြေးညီ ရှိနေသည့် ပရဟိတ နှင့်ဆက်နွယ်သည့် အဖွဲ့အစည်းများ
(စ) Prudence Foundation ၏ စီးပွါးရေး လုပ်ငန်းများနှင့်ပတ်သက် ပြီး ပရူးဒန့် စ် ဖောင်ဒေးရှင်း အား စီမံခန့်ခွဲရေး၊ ချိတ်ဆက်ဆောင်ရွက်ခြင်းများ၊ ကွန်ပျူတာ၊ ငွေပေးချေမှု၊ ပုံနှိပ် ထုတ်ခြင်း၊ ရွေးချယ်ထုတ် ယူခြင်း သို့မဟုတ် အခြားဝန်ဆောင်မှုပေးသူ ကိုယ်စားလှယ် များ၊ အဖွဲ့ဝင်များ၊ ကန်ထရိုက်တာများ သို့မဟုတ် အခြား ဝန်ဆောင်မှု ပံ့ပိုးပေးသူများ
(ဆ) သုတေသနပြုသူများ
(ဇ) ပရူးဒန့် စ် ဖောင်ဒေးရှင်း အပါအဝင် Prudence plc ၏ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့ အစည်းမဆို ဥပဒေလိုအပ်ချက်အရ ပူးပေါင်းဖော်ထုတ် ဆောင်ရွက်ပေးသူများ၊
(ဈ) မည်သည့်အစိုးရနှင့် တရားရေးမဏ္ဍိုင်များ သို့မဟုတ် စည်းမျဉ်းချမှတ်သူများ
(ည) စုစည်းသည့်အချိန်၌ သင့်အားအကြောင်းကြားသည့် အခြားအဖွဲ့အစည်းများ
Prudence Foundation သည် ဘေးကင်းလုံခြုံသည့် သက်ဆိုင်ရာ ဥပဒေလိုအပ်ချက် သို့မဟုတ် စည်းမျဉ်းစည်းကမ်းလိုအပ်ချက်များအရ လိုအပ်ပါက ၎င်း၏စီးပွားရေးလုပ်ငန်းများနှင့် အားလုံး သို့မဟုတ် တစိတ်တပိုင်း ထိန်းချုပ်မှု၊ လုပ်ပိုင်ခွင့်၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့်/သို့မဟုတ် စီမံခန့်ခွဲမှုသက်ရောက်သည့် အခြားကုမ္ပဏီနှင့် သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်အား လွှဲပြောင်းခြင်းပြုလုပ်နိုင်သည်။
ဤဝက်ဘ်ဆိုဒ်တွင် အခြားသူတစ်ဦး၏ ဝက်ဘ်ဆိုဒ်များသို့ ချိတ်ဆက်နိုင်ရန် လင့်ခ်များ ပါဝင်နိုင်သည်။ Prudence Foundation သည် ထိုသို့သော အခြားသူများ၏ ၀က်ဘ်ဆိုဒ်များတွင် ပါဝင်သည့်အကြောင်းအရာများနှင့် ပတ်သက်ပြီး ထိန်းချုပ် ခြင်း သို့မဟုတ် ဤဝက်ဘ်ဆိုဒ်လုပ်ဆောင်သူများနှင့် သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်ကို အပေးအယူသဘောမျိုး လုပ်ဆောင်မှု မရှိပါ။ သင့်အနေဖြင့် ဤ အခြားသူများ၏ ၀က်ဘ်ဆိုဒ် များက သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်ကို မည်သို့အပေးအယူလုပ်ဆောင်နိုင်သည့် နည်းလမ်းများကို နားလည်သဘောပေါက်ရန် ၄င်းတို့ နှင့် သက်ဆိုင်သည့် ကိုယ်ရေး မူဝါဒ များကို ဆန်းစစ်လေ့လာသင့်သည်။
ဤဝက်ဘ်ဆိုဒ်အားဝင်ရောက်သည့်အခါ ဝက်ဘ်ဆိုဒ်အတွင်းသင်၏လုပ်ဆောင်ချက်များအား အမည်မသိ နည်းပညာအချက်အလက်အနေဖြင့် စုစည်းမည်ဖြစ်သည် (ဥပမာ- သင်၏ IP လိပ်စာ၊ သင်ဝက်ဘ်ဆိုဒ်ကြည့်ရှုခဲ့သည့် နေ့ရက်နှင့်အချိန်၊ သင့်ဘရောက်ဆာနှင့် ကွန်ပျူတာစနစ်နှင့်ပတ်သက်သည့် အချက်အလက်၊ သင်သွားရောက်ခဲ့သည့် ဝက်ဘ်စာမျက်နှာများ၊ စသဖြင့်)
Prudence Foundation သည် “cookies” များကို (သင့်ဘရောက်ဆာနှင့် ကွန်ပျူတာ ဟာ့ဒရိုက် (hard-drive) အတွင်းသိမ်းဆည်းခြင်းဖြင့် သင်အသုံးပြုခဲ့သည်များကို ပေးပို့သည့် သတင်းအချက်အလက် အစိတ်အပိုင်းများ) အသုံးပြုကောင်း ပြုမည်။ သင်ဝက်ဘ်ဆိုဒ်အတွင်းသို့ ဝင်ရောက်သည့်အခါ သင်နှင့် သင်၏စိတ်ဝင်စားမှု နှင့် သင်၏လိုအပ်ချက်များ အရ Cookies များက ဝက်ဘ်ဆိုဒ်များကို မှတ်မိစေနိုင်သည်။ Cookies များက သင့်ကို ပုဂ္ဂိုလ် ရေးအရ ခွဲခြားသတ်မှတ်ခြင်း မပြုပါ။ သို့သော်လည်း cookies များကို လက်ခံရယူလိုခြင်းမရှိပါက သင်၏ဘရောက်ဆာဆက်တင်များကို ပြောင်းခြင်းဖြင့် ဤလုပ်ဆောင်ချက်ကို ပိတ်ထားနိုင်သည်။
Prudence Foundation မှ ဥပဒေအရလိုအပ်ချက်နှင့်အညီ စုဆောင်းခဲ့သည့် သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ၎င်း၏ရည်ရွယ်ချက်အောင်မြင်စေရန် အတတ်နိုင်ဆုံး ထိန်းသိမ်းထားမည်ဖြစ်သည်။ Prudence Foundation မှ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို မည်သည့်ရည်ရွယ်ချက်အတွက်မဆို မလိုအပ်တော့ပါက သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်ကို ကျိုးကြောင်းဆီလျော်စွာဖြင့် သေချာစွာဖျက်သိမ်း သို့မဟုတ် ဖျက်ဆီးမည် ဖြစ်ပါသည်။
ဤဝက်ဘ်ဆိုဒ်အသုံးပြုသူများသည် Prudence Foundation မှ စုစည်းထားသည့် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို အသုံးပြုရန်နှင့်/သို့မဟုတ် ပြင်ဆင်နိုင်ရန် တောင်းဆိုနိုင်သည့် အခွင့်အရေးရှိသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် (သီးသန့်) အာဏာပိုင်၏ ဥပဒေပြဌာန်းချက်အရ အဆိုပါအချက်အလက် အသုံးပြုမှုနှင့် ပြင်ဆင်ရန်တောင်းဆိုမှုများအတွက် သင့်တင့်မျှတသော ကျသင့်ငွေကိုတောင်းခံရန် Prudence Foundation တွင် အခွင့်အရေးရှိသည်။ ဤဝက်ဘ်ဆိုဒ်အသုံးပြုသူ မည်သူမဆိုသည် Prudence Foundation မှ စုစည်းထားသည့် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို အသုံးပြုရန် သို့မဟုတ် ပြင်ဆင်လိုပါက ကျွန်ုပ်တို့ထံ ကျေးဇူးပြု၍ ဆက်သွယ်ပါ သို့မဟုတ် “Prudence Foundation – အချက်အလက်ကာကွယ်ရေး အရာရှိ” ထံ 13/F, One International Finance Centre, 1 Harbour View Street, Central, Hong Kong သို့ စာဖြင့်ရေးသားပေးပို့ပါ။
Prudence Foundation သည် ဤ ကိုယ်ရေး လျှို့ ဝှက်ချက် စည်းကမ်းချက်များ နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များအား ဤ ကိုယ်ရေး လျှို့ ဝှက်ချက် စည်းကမ်းချက်များ ၏ လက်ရှိအဆိုအား အချိန်နှင့်တပြေးညီ ပြင်ဆင် ထိန်းချုပ်နိုင်သည်။